လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့၏စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AHA Centre အမှုဆောင်ညွှန်ကြားရေးမှူး၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centreမှ တာဝန်ရှိသူများက Online ဖြင့်ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့ကပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီးအဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြပါသည်။

အစည်းအဝေးပူးတွဲ သဘာပတိ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်အာဆီယံအတွင်းရေးမှူးချုပ်၏  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများတွင် အဟန့်အတားများရှိခဲ့သော်လည်းမြန်မာနိုင်ငံအနေဖြင့်ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုပါအကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အာဆီယံ Ad-hoc Support Team တို့ပူးပေါင်း၍ အဆိုပြုစီမံကိန်းများပြင်ဆင်ဖြည့်စွက် ရေးဆွဲခြင်းများကိုညှိနှိုင်းလုပ်ဆောင်လျက်ရှိပါကြောင်းတို့ကိုပြောကြားခဲ့ပါသည်။ ထို့နောက် ပူးတွဲသဘာပတိ၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoiက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အဖွဲ့အစည်းများအကြားသဟဇာတဖြစ်ရေးဆိုင်ရာလုပ်ဆောင်မှုများကိုအာဆီယံအနေဖြင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ယနေ့အစည်းအဝေးတွင်ယခင်ဆောင်ရွက်ထားရှိခဲ့သောကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှု(PNA)ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များအလိုက် ပိုမိုကောင်းမွန်သည့်လုပ်ငန်းများ၊ အကြံပြုချက်များရရှိနိုင်မည်ဟုယုံကြည်ပါကြောင်းပြောကြားပါသည်။ထို့နောက် ဝန်ကြီးဌာန/ ဦးစီးဌာနများကအဆိုပြုထားသောစီမံကိန်း (၅) ခုကိုအတည်ပြုကြပါသည်။

ယင်းနောက် PNA အရအကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သော စီမံကိန်းများ၊ဆောင်ရွက်ဆဲစီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre ၊ Ad-Hoc Support Team မှတာဝန်ရှိသူများတို့ကဦးစားပေးစီမံကိန်းများအလိုက် ဆောင်ရွက်တိုးတက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့်ထပ်မံပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်အသစ်များနှင့် ဦးစားပေးစီမံချက်များကိုအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်လက်ခံရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကိုအသိပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR