လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကရင်ပြည်နယ်ခရီးစဉ်တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ကရင်ပြည် နယ် အစိုးရ အဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ဘားအံခရိုင်ဦးစီးမှူးနှင့် ပြည်နယ်/ ခရိုင်ရုံးမှ ဝန်ထမ်းများသည် ဒုတိယဝန်ကြီးနှင့်အတူ လိုက်ပါလျက်  (၁၄.၈.၂၀၂၆)ရက်နေ့တွင်  မိုးသည်း ထန်စွာရွာသွန်း၍ သံလွင်မြစ်​ရေမြင့်တက်မှု​ကြောင့်​ အထက(၁) မြကြေးမှုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် အထက(၃) ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ပြောင်း​ရွှေ့​ရောက်ရှိခဲ့သည့်ရေ​ဘေးသင့်ထပ်တိုးအိမ်​ထောင်စု (၉၆)စု၊ လူဦးရေ စုစု​ပေါင်း (၄၁၂)ဦး တို့အတွက် ​ဆန်ရိက္ခာဖိုးထောက်ပံ့​ငွေ(၂
,၀၆၀,၀၀၀ိ/-)အားလည်းကောင်း၊ အဆိုပါ ယာယီ ကယ်ဆယ်ရေးစခန်း(၂)ခုရှိ အိမ်ထောင်စု (၂၄၈)စု၊ လူဦးရေ (၁၀၅၂)ဦးတို့အတွက် လူ(၁)ဦးလျှင် ခေါက်ဆွဲခြောက် (၁)ထုပ်နူန်းဖြင့် (၁၀၅၂) ထုပ်၊ ( တန်ဖိုးငွေ -၇၉၉,၅၂ဝိ/-)အားလည်းကောင်း၊ အိမ်ထောင်စု (၁)စုလျှင် ငါးသေတ္တာ(၁)ဘူး နူန်း ဖြင့် (၂၄၈)ဘူး၊(တန်ဖိုးငွေ-၃၁၀,၀၀ဝိ/-) အားလည်းကောင်း၊လူ(၁ )ဦးလျှင် ကြက်ဥ (၂)လုံး နူန်းဖြင့် (၂၁၀၄)လုံး၊( တန်ဖိုးငွေ -၁၁၉၉၂၈ဝိ/-)အားလည်းကောင်း၊(၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ​ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်တိုးပြောင်းရွှေ့ ရောက်ရှိလာသည့် အိမ်ထောင်စု (၃)စု၊ စုစုပေါင်းလူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၀၀ဝိ/-) အား ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR