၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  အောင်မြေမန္တလာ အားကစားကွင်း၌ ( ၂. ၁၂. ၂၀၂၅ ) ရက်နေ့နံနက် ( ၀၇း၀၀ ) နာရီအချိန်မှစတင်၍  လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ပရဟိတ‌ဂေဟာ များမှ မသန်စွမ်းအမျိုးအစားများဖြစ်ကြသော (ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများနှင့် ဉာဏ်ရည်မသန်စွမ်းသူများ )မှ မီတာ (၁၀၀)နှင့် မီတာ (၅၀) အပြေးအားကစား ပြိုင်ပွဲများ၊ ကျား/မလှံတံပစ်အားစကားပြိုင်ပွဲများနှင့် သံလုံးပစ် အားကစားပြိုင်ပွဲများ၊ အမြင်အာရုံမသန်စွမ်းသူများမှ စစ်တုရင်အားကစားပြိုင်ပွဲများ၊ ကိုယ်အင်္ဂါမသန်စွမ်း ကျား/မ ဝှီးချဲအတွန်း အားကစားပြိုင်ပွဲများနှင့် ဂိုး(လ်)ဘောအားကစားပြိုင်ပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အားကစားပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး၊ အားကစားပြိုင်ပွဲဝင် မသန်စွမ်းသူများအား ရင်းနှီးစွာဖြင့် အားပေးနှုတ်ဆက်စကား ပြောဆိုအပြီး  အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော မသန်စွမ်းသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး မသန်စွမ်းသူအားကစားပြိုင်ပွဲ အကြိုလှုပ်ရှားမှု (ဒုတိယနေ့) အခမ်းအနားအား  နံနက် (၁၂း၁၅) နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR