လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု ရွာမကျေးရွာတွင် (၁၅-၇-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ ပြောင်းနေအိမ်(၁၂)လုံး၊ လူဦးရေ(၅၉)ဦးတို့အတွက် Mask (၁၁၈)ခု၊ အိမ်ဆောက်ပစွည်းရန်ပုံငွေ (၁,၂ဝဝ,ဝဝဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၁၂၃,၉၀ဝိ/)၊ စုစုပေါင်းရန်ပုံငွေ (၁,၃၂၃,၉ဝဝိ/-)နှင့် ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာ အုပ်စု၊ ရွာမကျေးရွာနှင့် ကမ်းပြိုကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာတို့တွင်(၁၆-၇-၂၀၂၂)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၁၀)လုံး၊လူဦးရေ(၄၀)ဦးတို့အတွက် Mask(၈၀)ခု၊ အိမ်ဆောက် ပစွည်းရန်ပုံငွေ (၁,၀ဝဝ,ဝဝဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၈၄,၀၀ဝိ/-)၊စုစုပေါင်း ရန်ပုံငွေ(၁,၀၈၄,ဝဝဝိ/-)အား(၁၉-၇-၂၀၂၂)ရက်နေ့၊  နေ့လည် (၁၄:ဝဝ)နာရီအချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေး မှူးရုံးမှတာဝန်ရှိ‌များ၊ ပို့ဆောင်ရေးတပ်မှတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများတို့သည်ရွှေလောင်းမြို့၊ ဟင်္သာဒုံးအုပ်ချုပ်ရေးမှူး ရုံးနှင့် အထက်ပေကုန်းအုပ်ချုပ်ရေးမှူးရုံးတို့တွင် ဘေးသင့်ပြည်သူများထံ ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR