ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် ၁၂.၁.၂၀၂၆ ရက်က “လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု သင်တန်း” ကိုစတင်ဖွင့်လှစ်ခဲ့ပြီး ၁၆.၁.၂၀၂၆ ရက်တွင် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ပြီး ၁၂.၁.၂၀၂၆ ရက် နံနက် ၀၉:၀၀ နာရီ မှ ၁၂:၀၀ နာရီထိ လူမှုဝန်ထမ်းလုပ်ငန်းများကို ဒေါ်သန္တာထွေး၊ ညွှန်ကြားရေးမှူးက  ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပြီး၊ နေ့လယ် ၁၃:၀၀ မှ ၁၆:၀၀ နာရီထိ UNCRC, Child Rights Law ကို ဒေါ်ဝါဝါဝင်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပါသည်။

ဆက်လက်ပြီး ၁၃.၁.၂၀၂၆ ရက်တွင် ၀၉:၀၀  နာရီမှ  ၁၂:၀၀ နာရီ ထိ Child Protection နှင့် နေ့လယ် ၁၃:၀၀ နာရီ မှ ၁၆:၀၀ နာရီထိ ကျား/မ အခြေပြုအကြမ်းဖက်သဘောတရားများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ပုံစံများကို ဒေါ်သန္တာထွေး၊ ညွှန်ကြားရေးမှူးက လည်းကောင်း၊ ၁၄.၁.၂၀၂၆ ရက်တွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအကြောင်း SOP/ Intakeက  နံနက် ၀၉:၀၀ နာရီမှ  ၁၂:၀၀ နာရီ ထိ ဒေါ်ဝါဝါဝင်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးကလည်းကောင်း၊ နေ့လယ် ၁၃:၀၀ နာရီ မှ ၁၆:၀၀ နာရီထိ Assessment Pratic Forms & Tools  ကို ဒေါ်နွယ်နီလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပါသည်။

  ၁၅.၁.၂၀၂၆ ရက်တွင် နံနက် ၀၉:၀၀ နာရီမှ ၁၂:၀၀ နာရီ ထိ Planning & Safety Planning လည်းကောင်း၊ နေ့လယ် ၁၃:၀၀ နာရီ မှ ၁၆:၀၀ နာရီထိ Implementing the Case Plan ကို လည်းကောင်း၊ ၁၆.၁.၂၀၂၆ ရက်တွင် နံနက် ၀၉:၀၀ နာရီ မှ ၁၂:၀၀ နာရီ ထိ Follow-Up Monitoring/ Case Closure ကို ဒေါ်နွယ်နီလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေး သင်ကြားပို့ချပေးပြီး နေ့လယ် ၁၃:၀၀ မှ ၁၆:၀၀ နာရီထိ Group Work ပြန်လည်ပြုလုပ်ကြခဲ့ပြီး သင်တန်းဆင်းပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR