၂၀၂၆ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ၃.၇၂၀၂၆ ရက်၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးအောင်ဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး၊   မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip တို့အား ပြသခဲ့ပါသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ဥက္ကဋ္ဌတို့က ၂၀၂၅ ခုနှစ်အတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ထူးချွန် အမျိုးသမီး(၃၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက “ဂုဏ်ယူဝင့်ကြွားမြန်မာအမျိုးသမီးများ” တေးသီချင်းဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန၊  မူလတန်းကြိုကျောင်းများမှ ဆရာမများက “ဗမာမလေးပါရှင်” တေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

ယင်းနောက် ဖျော်ဖြေတင်ဆက်သွားသည့်  အကအဖွဲ့များအား မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဇနီး၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသော ဧည့်သည် တော်များက ခန်းမတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြပြီး  ပြခန်းတာဝန်ကျသူများက  ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားသို့  မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊  မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်တွင်း / ပြည်ပ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား (၄၀၀) ဦး  ကျော် တက်ရောက်ခဲ့ကြပါသည်။

 








 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR