လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မြောင်းမြမြို့နယ် ၊ ကျုံတာမုဆိုးမကျေးရွာအုပ်စု၊ ကျုံတာမုဆိုးမကျေးရွာတွင်   (၃-၄-၂၀၂၃)ရက်နေ့၌   ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀၀/-)၊ လူဦးရေ (၁၃)ဦးတို့အတွက် ဆန်ရိက္ခာ ရန်ပုံငွေ(၂၇၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၂၇၃၀၀/-)နှင့် (၁၄၄၁၀၈/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ အိမ်ထောင်စု(၃)စာတို့အား (၄-၄-၂၀၂၃)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR