လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်၊ ညောင်ကုန်းလေးကျေးရွာ၊ ပန်းကုန်းကျေးရွာ၊ မုတ္တမကျေးရွာ၊ လက်ပံကျွန်းကျေးရွာ၊ မုတ္တမ-ကျွဲခြံ​ကျေးရွာ၊ ကော့ထော်ကျေးရွာ၊ ကျိုက်ခတ်ငူကျေးရွာ၊ ဆားဖိုစုရပ်ကွက်၊ သပြေကုန်းကျေးရွာ၊ အဟောက် ကျေးရွာ၊ ကော့ကရင်ကျေးရွာ၊ သဲဖြူကုန်းကျေးရွာ၊ အလှပ်ကျေးရွာ၊ ဝဲပတန်ကျေးရွာ၊ လက်ပံတော ကျေးရွာ၊ ဥက္ကံကျေးရွာနှင့် သဗြုချောင်ကျေးရွာတို့၌ (၂၀/၂၁/၂၂-၅-၂၀၂၂)ရက်နေ့၊ (၁၁း၃၀) နာရီအချိန် တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးလူနေအိမ် (၂၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၂၀၀,၀၀၀/)၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၀၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၄၅၀,၀၀၀/)၊ စုစုပေါင်းလူဦးရေ (၅၅၅) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁,၁၆၅,၅၀၀/)၊ အမိုးလန်ပျက်စီးခဲ့သည့် သင်ပေါင်းချောင်း ဘုန်းကြီးကျောင်း (၄) ကျောင်းအတွက် ​​ကျောင်း​​​ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (​​၂၀၀,၀၀၀/-)နှင့် ရေမျောသေဆုံးသူ (၁)ဦး အတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁,၃၁၅,၅၀၀/-)အားလည်းကောင်း ပြိုကျပျက်စီးလူနေအိမ် (၂၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂၁) အိမ်ထောင်စာ တန်ဖိုးငွေ စုစုပေါင်း( ၉၆၆၇၅၆/-)ကျပ်တို့အားလည်းကောင်း (၂၃-၅-၂၀၂၁)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ပေါင်​မြို့​နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source:        DDM


 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR