လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ ဘီတွတ်​ကျေးရွာအုပ်စု၊ ဘီတွတ်​ကျေးရွာတွင် (၁၄-၁၂-၂၀၂၃)ရက်​နေ့ (၀၀း၁၅)နာရီအချိန်၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ပျက်စီး​နေအိမ် (၃)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)ကျပ်၊ လူဦး​​ရေ ကျား(၈)ဦး၊ မ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅,၇၀ဝိ/-)ကျပ်၊ စုစု​ပေါင်းထောက်ပံ့ငွေ(၄၃၅,၇၀ဝိ/-)ကျပ်အား (၁၄-၁၂-၂၀၂၃)ရက်​​နေ့ (၀၁း၃၀)နာရီအချိန်တွင် မြိုနယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူ ​မီးဘေးသင့် ပြည်သူများ၏ လက်၀ယ်အရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။

 
Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR