လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၈-၂၀၂၆)ရက်​နေ့ နှင့် (၁၂-၈-၂၀၂၆) ရက်နေ့ တွင်   မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်​ရေမြင့်တက်မှု​ကြောင့်​ လေသာကျောင်း ယာယီ​ရေ​ဘေးကယ် ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းတို့တွင် ပြောင်း​ရွှေ့​နေရသည့်​ ရေ​ဘေး သင့်ပြည်သူအိမ်​ထောင်စု (၂၁၂) စု၊ လူဦးရေ ကျား(၄၈၅) ဦး၊ မ(၅၂၀) ဦး၊ စုစု​ပေါင်း (၁၀၀၅) ဦးတို့အတွက် ​ဆန်ရိက္ခာဖိုးထောက်ပံ့​ငွေ (၅,၀၂၅,၀၀၀ိ/-) အားလည်းကောင်း၊ အမှတ် (၅) ရပ်ကွက်၊ အောင်နန်း (၄) လမ်း တွင် ရေဝင်ရောက်မှုကြောင့်  ဓာတ်လိုက်သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) အား လည်းကောင်း (၁၂-၈-၂၀၂၆) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်နှင့် (၁၆:၃၀)နာရီအချိန်တို့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွား​ရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR