လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ) မှ ကြီးမှူးဖွင့်လှစ်ဆောင်ရွက်သော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားအား (၁-၆-၂၀၂၁) ရက်နေ့ ညနေ(၂)နာရီ အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ မိုင်းကိုး ပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော မှ သင်တန်းဖွင့်ပွဲအမှာစကားကို တက်ရောက်ပြောကြား ခဲ့ပါသည်။

          ထို့နောက် ကျိုင်းတုံမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းမှ ဦးစီးအရာရှိ ဦးမျိုးသက်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းကာလအတွင်း ဆောင်ရွက် ပေးမည့်အစီအစဉ်များအားရှင်းလင်းပြောကြားခဲ့ပါသည်။


        ယခုသင်တန်းတွင် မူးယစ်ဆေးဖြတ်ပြီးသူ သင်တန်းသား(၃၀)ဦးအား မူးယစ်ဆေးဝါး အပေါ် စွဲလမ်းနေသော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာများကို လူမှုရေးအရ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးခြင်းတို့ကို (၁-၆-၂၀၂၁) ရက်မှ (၁၅-၇-၂၀၂၁) ရက်နေ့အထိ (၄၅) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး နောက်ဆက်တွဲ စောင့်ရှောက်ခြင်း လုပ်ငန်းများကိုလည်း (၁)နှစ်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူလူထုများ၊ သင်တန်းသားများနှင့် သင်တန်းသားမိသားစုဝင်များ စုစုပေါင်းအင်အား (၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR