မွန်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူးပြီး ၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို (၂၅-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်   မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြန့်ဝေပေးထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Video Clip အား ပြသပါသည်။

ထို့နောက် မော်လမြိုင်အားကစားသိပ္ပံကျောင်းမှ ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ Fitness Dance ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်သွားပါသည်။

ယင်းနောက် ဖျော်ဖြေတင်ဆက်သွားသည့် ကျောင်းသူလေးများအား မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို နံနက် (၁၀:၁၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက ခန်းမတွင်း ခင်းကျင်းပြသထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မော်လမြိုင် (OSWSC) မှ ကျောင်းသူလေးများ၏အိမ်တွင်းမှုထုတ်ကုန်များနှင့်မုန့်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ခင်းကျင်းထားသည့် ပြခန်းများအား ကြည့်ရှုအားပေးကြပြီး ပြခန်းတာဝန်ကျသူများက ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ပြည်တွင်း/ပြည်ပလူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဒီဂရီကောလိပ်၊သူနာပြုသင်တန်းကျောင်း၊ အား/ ကာသိပ္ပံ (မော်လမြိုင်)၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းအတတ်ပညာသင်ကျောင်းမှကျောင်းသူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR