မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၂:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည် အစီရင်ခံစာရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် အစီရင်ခံစာရေးသားရေးအဖွဲ့ဝင် များ တက်ရောက်ကြပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် ပေါင်းစည်းလူမှုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ နှစ်ပတ်လည်အစီရင်ခံစာရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံတော်အစိုးရသည် မသန်စွမ်းသူများကို ပစ်ပယ်မထားဘဲ တာဝန်ရှိသည်ဟု ခံယူ၍ မသန်စွမ်းသူ များအတွက် ဆောင်ရွက်ပေးနေသည့် အချက်အလက်များကို ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများပါ သိရှိစေရန် ရည်ရွယ်၍ အမျိုးသားကော်မတီနှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ဝေ လျက်ရှိပါကြောင်း၊ ပထမအကြိမ်နှစ်ပတ်လည်အစီရင်ခံစာနှင့် ဒုတိယအကြိမ်နှစ်ပတ်လည်အစီရင်ခံစာ တို့ကို (မြန်မာ၊ အင်္ဂလိပ်) နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြပေးရန်နှင့် ပြည့်ပြည့်စုံစုံဖြင့် အရည်အသွေးကောင်းမွန် သည့် အစီရင်ခံစာအဖြစ် ထုတ်ဝေနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစည်သူဝင်းက နှစ်ပတ်လည်အစီရင်ခံစာ စာအုပ်ထုတ်ဝေနိုင်ရေးအတွက် မူကြမ်းပြုစုဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြမည့် ဥယျောဇဉ်နှင့် အမှာစကား (မူကြမ်း) တို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် တတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာကို ဩဂုတ်လအတွင်း ပုံနှိပ်ထုတ်ဝေနိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည် အစီရင်ခံစာရေးသားရေး အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR