လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၁၄)တွင် ဖွင့်လှစ်လျက်ရှိ သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)သို့ သွားရောက်၍ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ 

          ရှေးဦးစွာ ဒုတိယဝန်ကြီးက ယခုဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတော်သမ္မတက “ကျောင်းမတက်မီ ရှေးဦးသူငယ်ဘဝကတည်းက မူလတန်းမတက်မီ မူကြိုတက်ခဲ့ကြတဲ့ကလေးတွေဟာ အခြေခံကောင်းကြတာကို တွေ့ရပါကြောင်း၊ မူကြိုကျောင်းသားတိုင်းဟာ မူလတန်းတက်ကြသော်လည်း မူလတန်းကျောင်းသားတိုင်းကတော့ မူကြိုမတက်ခဲ့ကြရပါကြောင်း၊ ဒီနှစ်ခု ကွာခြားချက်ကတော့ မူကြိုတက်ခဲ့တဲ့ကလေးတွေဟာ မူလတန်းကအစ ပညာရေးမှာ ပိုမိုပညာလိုလားကြတာ တွေ့ရပါကြောင်း၊ ဒါကြောင့် မူကြိုကျောင်းတွေမှာ ကလေးသူငယ်ပြုစု ပျိုးထောင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထားဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ထိရောက်တဲ့ မူကြိုကျောင်းတွေဖြစ်ဖို့နဲ့ Early Childhood Care and Development ဖြစ်တဲ့ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း” ဟု လမ်းညွှန်မှာကြားချက်အပေါ် အလေးထား၍ အကောင်အထည်ဖော်ဆောင်ရွက်သည့်သင်တန်းဖြစ် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ KG နှင့် Grade-1 တက်ရောက်သည့် ကလေး သူငယ်များအတွက် အကူးအပြောင်းကာလတွင် အဆင်ပြေချောမွေ့ရေးနှင့် ကျောင်းနေပျော်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကလေးများ ဖြစ်လာစေရေးကို ဦးစားပေးဆောင်ရွက်ပေးနိုင်ရန် ယခုသင်တန်းကို ဘာသာရပ်များ ပြင်ဆင်ရေးဆွဲပြီး ပို့ချခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များအတွက် ကြိုးစားအားထုတ်ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းတွင် ပို့ချပေးလိုက်သည့် ကလေးစောင့်ရှောက်ရေးနည်းပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်းဖြင့် မိမိတို့နိုင်ငံ အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများက တစ်ဦးချင်း မိတ်ဆက် ခဲ့ကြပြီး ဒုတိယဝန်ကြီးက သင်တန်း၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၇-၄-၂၀၂၆ ရက်မှ ၂၃-၅-၂၀၂၆ ရက်အထိ တစ်လတာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၆၁ ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး၊ စုစုပေါင်း ၈၆ ဦးဖြင့် ဖွင့်လှစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

 

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR