လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတက်၍ မြစ်လက်တက်ဖြစ်သော မြစ်မခမြစ်အတွင်းသို့ ဝင်ရောက်ရေလျှံမှုနှင့် မိုးရွာသွန်းမှုတို့ကြောင့် ဖြစ်ပွားခဲ့သောရေဘေးတွင် (၂၆-၇-၂၀၂၄) ရက်နေ့၌ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာနှင့် နတ်ထမင်းကျေးရွာတို့မှ အ.ထ.က(ခွဲ)ထန်းပင်ကုန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့လာသော အိမ်ထောင်စု(၄၆)စု၊ လူဦးရေ (၁၇၈)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇၃,၈၀၀ိ/-)နှင့်  (၂၇-၇-၂၀၂၄) ရက်နေ့တွင် ဒီလှိုင်းဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်း နှင့် သဲကောဘုန်းတော်ကြီး ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၉၈)စု၊ လူဦးရေ(၄၀၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၄,၂၀ဝိ/-) တို့အား (၃၀-၇-၂၀၂၄) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ထွေ/အုပ်အစည်းအဝေးခန်းမ၌ မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR