လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအားမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူMr. Ramanathan Balakrishnan သည် ယနေ့နံနက်ပိုင်း(၁၁:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်Mr. Ramanathan Balakrishnan ကကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မှု ကာလပြီးဆုံးမှုနှင့် UNFPA မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုအခြေအနေ၊ ကုလသမဂ္ဂအဖွဲ့များအနေဖြင့်  မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်သူများအား လူသားချင်းစာနာမှုအထောက်အပံ့များဆက်လက်ပေးအပ်နိုင်ရေးအတွက်ဝန်ကြီးဌာနမှအကူအညီပေးနိုင်ရေး၊ UNFPA အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လုပ်ငန်းစီမံချက်(Workplan) လက်မှတ်ရေးထိုးနိုင်ရေးညှိနှိုင်းနေမှုနှင့်နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာကိစ္စများ၊မိုခါမုန်တိုင်းသင့်ဒေသများတွင် အကူအညီပေးနိုင်ရေးအတွက် UNOCHA ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများတင်ပြဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကလည်းဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုသည် လိုအပ်ချက်ရှိသောပြည်သူများအတွက် လွန်စွာအရေးပါပါကြောင်းနှင့်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသောနိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ဗီဇာထောက်ခံချက်များကိုဝန်ကြီးဌာနကလုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်ထောက်ခံပေးလျက်ရှိပါကြောင်းရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ဝန်ကြီးဌာနဘက်မှဒုတိယဝန်ကြီးဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR