ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ(၁၀.၁၁.၂၀၂၃)ရက်နေ့မှစ၍   တတိယနှစ်သက်တမ်း ရေးဆွဲခဲ့ပါကြောင်း၊စီမံချက်ကာလတတိယသက်တမ်း၏ပထမ(၆)လပတ်အစီရင်ခံစာ(မူကြမ်း)ကိုသက်ဆိုင်ရာဝန်ကြီးဌာနများမှ ပေးပို့သည့်အချက်အလက်များအားစုစည်းရေးသားခဲ့ပြီး၁၁-၆-၂၀၂၄ရက်နေ့တွင်ပြုလုပ်ခဲ့သည့်လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၄)ဆုံးဖြတ်ချက်များအရပြင်ဆင်ဖြည့်စွက်ကာယခုအစည်းအဝေးမှာ 2nd Draft အဖြစ်တင်ပြသွားမည်ဖြစ်သဖြင့်ဆွေးနွေးအတည်ပြုပေးရန်ဖြစ်ပါကြောင်း၊တတိယသက်တမ်း၏ဒုတိယ(၆)လပတ်အစီရင်ခံစာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးထား၍အစီရင်ခံစာထွက်ရှိနိုင်ရေးဌာနအသီးသီး၏အချက်အလက်များကိုသတ်မှတ်ကာလအတွင်းပေးပို့ရန်လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏တတိယနှစ်သက်တမ်းသည် ၂၀၂၄ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက်နေ့တွင်ပြည့်မြောက်မည်ဖြစ်သဖြင့် စီမံချက်ကာလစတုတ္ထတစ်နှစ်သက်တမ်းတိုးနိုင်ရေးအတွက် ဆွေးနွေးပေးစေလိုပါကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)၏ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ခဲ့မှုများ၊၁၆.၆.၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်   လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၄)၏ဆုံးဖြတ်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသူများကပထမ(၆)ပတ်အစီရင်ခံစာ(မူကြမ်း)အပေါ် အကြံပြုဆွေးနွေးခြင်း၊အတည်ပြုခြင်းနှင့်စီမံချက်ကာလစတုတ္တသက်တမ်းတိုးရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR