လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိလူကုန်ကူးခံရသူများ ညွှန်းပို့ချိတ်ဆက် ရေးစင်တာသို့ သွားရောက်၍ လူကုန်ကူးခံရသူများဆက်သွယ်အကူအညီတောင်းခံမှုများအပေါ်ပေါင်းစပ်ဆောင်ရွက်နေမှုများ၊ လိုအပ်သည့် အကူအညီများချိတ်ဆက်ဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုစစ်ဆေးကာလိုအပ်သည်များလမ်းညွှန်မှာကြားပါသည်။ ထိုနောက် မူးယစ်ဆေးဖြတ် ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်) သို့ သွားရောက်ပြီးပြန်လည်ထူထောင်မှုခံယူနေသူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာစခန်းခြေပြုပြန်လည် ထူထောင်ရေးသင်တန်းသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် သင်တန်းသားများနေထိုင်နိုင်ရေးကြိုတင် ပြင်ဆင်ထားရှိမှု၊ သင်တန်းသားများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေနွေးခြင်း၊ကိုယ်ကာယပိုင်းဆိုင်ရာပြန်လည်ထူထောင်ခြင်းလုပ်ငန်းများအတွက် စနစ်တကျ ညှိနှိုင်းပြင်ဆင်နိုင်ရေး၊ သင်တန်းကာလအတွင်းလိုအပ်သည့် အုပ်ချုပ်မှုကိစ္စများအတွက် ဆက်စပ်ဌာနများဖြင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေး ညွှန်ကြားခဲ့ပါသည်။

ထို့နောက်သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့သွားရောက်ကာကျန်းမာသန်စွမ်းပြီးတက်ကြွသောသက်ကြီးဘိုးဘွားများဘဝရရှိစေနိုင်ရေးအတွက် လူမှုရေးစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအားအားပေးကြည့်ရှုခြင်း၊  ဂေဟာတွင် လာရောက်စောင့်ရှောက်မှုခံယူနေသောအသက် (၇၀)နှစ်နှင့်အထက် ဘိုးဘွားများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍သက်ကြီးပညာပေးအစီအစဉ်များဖြင့် လူမှုရေးသုခရရှိနိုင်စေရန် နိုင်ငံတော်မှ လူမျိုး/ဘာသာမရွေးအခမဲ့ ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR