အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (၂၀၂၅)အထိမ်းအမှတ်အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲအား ယခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဆောင်ပုဒ်ဖြစ်သည့်“လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သောလူ့အဖွဲ့အစည်းများမြှင့်တင်ပေး”ခေါင်းစဉ်ဖြင့် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၊နေပြည်တော်တွင် (၂၇.၁၁.၂၀၂၅)ရက်၊ကြာသပတေးနေ့၊ နံနက် (၀၉:၀၀)နာရီမှ(၁၁:၀၀)နာရီအထိကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

မသန်စွမ်းသူများအနေဖြင့် လူမှုအသိုက်အဝန်းအတွင်း တန်းတူညီမျှပါဝင်ဆောင်ရွက်ခွင့် ရရှိရေး၊ ခွဲခြားဆက်ဆံခံရမှုနှင့် မညီမျှမှုမရှိစေရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် ကိုယ်၊ စိတ်ကျန်းမာကြံ့ခိုင်ရန် ပံ့ပိုးဆောင်ရွက်မှုကို မြှင့်တင်ပေးရေးတို့အတွက်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်းကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှ စတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်အဆင့် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၃၂) ကြိမ်မြောက်အဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုဆိုင်ရာကိစ္စများအပေါ် ကျောင်းသား၊ ကျောင်းသူများ၏သိမြင်နားလည်မှု တိုးပွားလာစေရေးနှင့် မတူကွဲပြားမှုကိုလက်ခံပြီး စည်းလုံးညီညွတ်သည့် လူအဖွဲ့အစည်းကို ပျိုးထောင်နိုင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊နေပြည်တော်မြို့နယ် (၈) မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၅၉)ဦး၊ စုစုပေါင်း(၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာဆုရရှိသူများအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့၌ ကျင်းပမည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR