လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်းကျေးရွာအုပ်စု၊ သောင်ကုတ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၃၇,၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ငွေ(၃၃၇,၈၀ဝိ/-)နှင့် ဆပ်ပြာ(၃) တောင့်တို့အား (၁၅-၇-၂၀၂၂)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများအား ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR