လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ (၆)နှစ်မြောက်နှစ်ပတ်လည်နေ့ ဝန်ထမ်းများအား ထောက်ပံ့ပေးခြင်း အခမ်းအနားကို (၃၀-၁-၂၀၂၄)ရက်နေ့ ၊ အင်္ဂါနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          အခမ်းအနား၌ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၌ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ပြည်သူပြည်သားများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှသည့် လူမှုစီးပွားဘဝ ရရှိစေရန် ရည်ရွယ်၍ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်နိုင်ကိုင်နိုင်ခြင်းနှင့် အရည်အသွေးတို့သာ အဓိကကျပါကြောင်း၊ အဆင်မပြေမှုများ အားနည်းချက်များကို ပြုပြင်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အထက်အကြီးအကဲများမှ တာဝန်ပေးအပ်ရာတွင် ယုံကြည်စိတ်ချပြီး လုပ်နိုင်ကိုင်နိုင်သည့် ဝန်ထမ်း များဖြစ်စေလိုပါကြောင်း၊ ၆ နှစ်တာ ကာလအတွင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး၊ စည်း စနစ်ကျနစေရေးနှင့် လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးတို့အတွက် စီမံချက်များ၊ Quick Win များ ချမှတ်ဆောင်ရွက်ခဲ့တဲ့အပြင် ဝန်ထမ်းများ စည်းလုံးညီညွတ်ရေးနှင့် သက်သာ ချောင်ချိ ရေးတို့ကိုလည်း စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သက်သာချောင်ချိရေးဆိုရာတွင် ငွေကြေးပစ္စည်း ထောက်ပံ့ပေးခြင်းသာ မဟုတ်ဘဲ ဝန်ထမ်းများ ရသင့်ရထိုက်သည့် အခွင့်အရေးများပေးခြင်းသည် လည်းပါဝင်ပါကြောင်း၊ ယခု ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင်လည်း ဝန်ထမ်းများ အတွက် ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာပြီး လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ (၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန် ထမ်းများ အားလုံး ၁ ဦးလျှင် သိင်္ဂီရွှေဘိုပေါ်ဆန်း(၆)ပြည်၊ ရွှေပဲဆီသန့်(၁)ပိဿာနှင့် ငါးမြစ်ချင်း (၁)ပိဿာစီ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR