
၂၈-၃-၂၀၂၅ရက်ကလှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့်နေပြည်တော်ကောင်စီနယ်မြေ၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာဘေးသင့်ခဲ့သောပြည်သူများအတွက်ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့်မေလ ၅ရက်နေ့မှ ၁၂ ရက်နေ့အထိဘေးသင့်ဒေသများသို့ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကိုအပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအခါမေလ၁၃ရက်နေ့မှ ၁၉ရက်နေ့အထိရက်သတ္တပတ်၁ပတ်အတွင်းအိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် Singapore Lotus Charity Societyတို့မှထပ်မံပေးပို့လှူဒါန်းလာသောစားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊အိမ်သုံးပစ္စည်း၊ဆေးနှင့်ဆေးပစ္စည်းများအနက်ဆေးနှင့်ဆေးပစ္စည်းများကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်းများကိုနေပြည်တော်အတွင်းရှိလိုအပ်သည့် ဝန်ကြီးဌာနများသို့လည်းကောင်းလွှဲပြောင်းထောက်ပံ့ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ငလျင်ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ်အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းမည့် Prefabricated Office ၅၀၀ လုံးအနက် ၃၄၀ လုံးရောက်ရှိခဲ့ပြီးယာယီရုံးများအဖြစ် တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။အလားတူတရုတ်ပြည်သူ့သမ္မတနိုင်ငံကယာယီအိမ်များအဖြစ်အသုံးပြုရန် လှူဒါန်းမည့်Prefabricated House ၄၅၀၀ လုံးအနက် ၁၅၇၆လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ၁၈၀၄ လုံးသည် ၁၃-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်းရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်နေပြည်တော်သို့ ပေးပို့ခဲ့ပြီးလိုအပ်သည့်နေရာများတွင် တပ်ဆင်အသုံးပြုရန် ဆောင်ရွက်လျက်ရှိပါသည်။ ထပ်မံရောက်ရှိလာပါကလည်းဆက်လက်ဖြန့်ခွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၇ စီး၊ စစ်ကိုင်းတိုင်း ဒေသကြီးသို့ မော်တော်ယာဉ် ၂၉ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၉ စီးဖြစ် ပါသည်။
နိုင်ငံတကာအလှူရှင်များက၁၃-၅-၂၀၂၅ရက်နေ့မှ၁၉-၅-၂၀၂၅ရက်နေ့အထိရက်သတ္တပတ်၁ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများကိုဘေးသင့်ပြည်သူများအတွက်ဖြန့်ခွဲပေးပို့နိုင်ရေး ဆောင်ရွက်ထားမှုကိုပူးတွဲပါဇယားများဖြင့်ဖော်ပြအပ်ပါသည်။ထပ်မံလှူဒါန်းလာသည့်ပစ္စည်းများရောက်ရှိမှုနှင့်ငလျင်ဘေးသင့်ပြည်သူများထံအမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို၁ပတ်လျှင်၁ကြိမ်ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။
မလေးရှားနိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
အိန္ဒိယနိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
စင်္ကာပူနိုင်ငံမှ လှူဒါန်းပစ္စည်းများရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
တရုတ်နိုင်ငံမှလှူဒါန်းသည့်Prefabricated House များရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း သို့ ရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
တရုတ်နိုင်ငံမှလှူဒါန်းသည့်Prefabricated House များနေပြည်တော်သို့ ရောက်ရှိမှုမှတ်တမ်းဓာတ်ပုံ
တရုတ်နိုင်ငံမှလှူဒါန်းသည့်Prefabricated House များနေပြည်တော်သို့ ရောက်ရှိ လာမှုကို ကြည့်ရှုစစ်ဆေးမှုမှတ်တမ်းဓာတ်ပုံ
နေပြည်တော်ကောင်စီအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ
မန္တလေးတိုင်းဒေသကြီးအတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ
ရှမ်းပြည်နယ်အတွင်းအလှူပစ္စည်းများဖြန့်ခွဲထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံ