အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန Asean Regional Mine Action Center (ARMAC) ဦးဆောင်ကော်မတီ အစည်းအဝေးအစီရင်ခံစာ အကျဉ်းချုပ်များ နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအား ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်က (Power Point) ဖြင့် ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး (EC) အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မိုင်းအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊  အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန  (ARMAC)  ၏

ဆွေးနွေးအကြံပြုချက်များ၊ မြန်မာနိုင်ငံတွင်း  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်း လုပ်ငန်းစဉ်ဆောင်ရွက်ချက်များ၊ မိုင်းကြောင့်ထိခိုက်ခံစားရသူများအား ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကူညီထောက်ပံ့ပြီးစီးမှုအခြေအနေများ၊ နိုင်ငံ တကာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊  ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် MoU ၊ LoA  လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများနှင့် MoU လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ဆဲအဖွဲ့အစည်းများအကြောင်း နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR