လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာနသည် Gender, CEDAW, NSPAW,  UNSCR 1325 အသိပညာပေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊  နံနက် (၀၉ : ၀၀) နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သင်တန်းသား (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။  

     ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန သည် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစသည့် လူမှုရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းမှာ ကျား၊မ အခြေခံသဘောတရားများကို သိရှိ နားလည်၍ အမျိုးသမီးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊  စွမ်းဆောင်ရည် မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုများနှင့် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ ဌာနများ၏ ဆောင်ရွက်ချက်များတွင် ကျား၊မ ရေးရာကို ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှု ပိုမိုမြင့်မားလာစေရန်အတွက် ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းပို့ချခဲ့ရာ Gender ၊ CEDAW၊ NSPAW ၊ UNSCR 1325 အသိပညာပေးသင်တန်းအား ညနေ (၁၇: ၃၀) နာရီတွင် ဖွင့်လှစ်ပြီးစီးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR