လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၈-၂၀၂၃) ရက်နေ့တွင် မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းလူနေအိမ်များသို့ ချောင်းရေများ ဝင်ရောက်လာ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၈)စုတို့မှ ကျား (၁၈)ဦး၊ မ (၁၃)ဦး၊ စုစုပေါင်း (၃၁)ဦးတို့သည် တပ်ဦးဘုန်းကြီးကျောင်း ကယ်ဆယ်ရေး စခန်း၌လည်းကောင်း၊ (၇-၈-၂၀၂၃) ရက်နေ့၊ (၈-၈-၂၀၂၃) ရက်နေ့ နှင့် (၉-၈-၂၀၂၃)ရက်နေ့တို့တွင် သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၁၂)စုတို့မှ ကျား (၂၄)ဦး၊ မ (၃၁) ဦး၊ စုစုပေါင်းလူဦးရေ (၅၅)ဦးတို့သည် ရန်ကင်းအောင်ဘုန်းကြီးကျောင်း၌လည်းကောင်း ရောက်ရှိနေသော အဆိုပါ အိမ်ထောင်စုပေါင်း (၂၀)စု (စုစုပေါင်း လူဦးရေ (၈၆)ဦး)တို့ အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၈၀,၆၀၀ိ/)အား (၉-၈-၂၀၂၃)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR