နေပြည်တော် အမျိုးသမီးကော်မတီအစည်းအဝေးကို ၉-၆-၂၀၂၆ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။

ပထမဦးစွာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက အမျိုးသမီးများအားပျော်ရွှင်အေးချမ်းသည့်ဘဝတွင် နေထိုင်နိုင်ရန် မိသားစုစီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန်နှင့် စွမ်းရည်မြှင့်တင်ပေးရန်အတွက် လုပ်ဆောင်ချက်များ၊ နည်းစနစ်များ၊ ဖွဲ့စည်းပုံများ၊ အလေ့အထများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူ့အခွင့်အရေးကို အပြည့်အဝ ရရှိနိုင်ရန် တို့အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန်ချက်များချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အမျိုးသမီးကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး ခရိုင်၊ မြို့နယ်များအထိ ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသမီးများ အလုပ်အကိုင်ရရှိရန် အတွက် လည်း အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျား/ မ အခြေပြု အကြမ်းဖက်မှုများ၊ သက်ငယ် မုဒိမ်းမှုများအား ပုံစံအမျိုးမျိုးနှင့် အကြမ်းဖက်မှုကိုဖြစ်စေသော အကြောင်းအချက်များဖြစ်စေရန် တွန်းပို့ပေးနေသော အချက်အလက်များနှင့် ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာများကို တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ ကိုလည်းရေးဆွဲလျက်ရှိပါကြောင်း၊ ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုများ သက်ငယ်မုဒိမ်းမှုများကို လည်း ကျူးလွန်ခံရသူများ လုံခြုံမှုရှိစေရန်နေရာ ကျန်းမာရေး၊ အမှုဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည့် နှစ်သိမ့်ဆွေးနွေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကော်မတီဝင်များအနေဖြင့်လည်း အမျိုးသမီးများအားလုံး အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံရမှုတွေက ကင်းဝေးပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် အားလုံးကိုယ်တတ်စွမ်းသည့် အခန်းကဏ္ဍအသီးသီးမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် နေပြည်တော်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်းများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများ၊ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းများ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ 

ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော် အမျိုးသမီးကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ နေပြည်တော် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR