လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ သုံးခွ(မကျည်းပင်)အုပ်စု၊ သုံးခွ​ကျေးရွာတွင် (၂၆-၅-၂၀၂၄)ရက်​နေ့ (၀၆း၂၀)နာရီအချိန်၌ ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် ပြိုကျအိမ်ခြေ (၁၁) လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁,၂၀၀,၀၀၀ိ/-)၊ အမိုးလန်​နေအိမ် (၂၁) လုံးအတွက်အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၈၁၀,၀၀၀ိ/-)၊ စုစု​ပေါင်းထောက်ပံ့ငွေ (၂,၀၁၀,၀၀၀ိ/-)၊ ဘေးသင့်လူဦး​ရေစုစု​ပေါင်း (၁၁၃) ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေ (၂၃၇,၃၀၀ိ/-)၊ ဒဏ်ရာရရှိသူ (၃) ဦးအတွက်​ထောက်ပံ့​ငွေ(၁၅၀,၀၀၀ိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၂,၃၉၇,၃၀၀ိ/-) နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုး (စက္ကူပုံး)ပါ (၁၁)ပုံး (၅၀၆,၃၉၆/-) တို့အား (၂၇-၅-၂၀၂၄)ရက်​နေ့ (၁၃း၄၅) နာရီအချိန်တွင် ငပု​တောမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ တာ၀န်ရှိသူများမှတစ်ဆင့် ​ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR