မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၇. ၂. ၂၀၂၅  ရက်၊ နေ့လည် ၁၄း၀၀ နာရီတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်)တွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအရ ဝန်ထမ်းများစည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင် ရွက်နိုင်ရေး၊ ရုံးလုပ်ငန်းလက်စွဲပါ  ညွှန်ကြားချက်များအရ ရုံးစာရေးသားရာတွင် ပြီးပြည့်စုံသော ရုံးလုပ်ငန်းဖြစ်စေရေးအတွက် သတ်မှတ်ထားရှိသော အဆင့် ( ၅ ) ဆင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများကိုယ်ရည် ကိုယ်သွေးတိုးတက်စေရေးအတွက် ဝန်ကြီးဌာနရည်ရွယ်ချက်များ၊ မူဝါဒများ၊ ဦးစီးဌာနရည်ရွယ်ချက်များ၊ မူဝါဒများနှင့်အညီ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော  လုပ်ငန်းနယ်ပယ် အသီးသီးအလိုက်  ကျွမ်းကျင်ပိုင်နိုင်စေရေး၊ ဘဏ္ဍာငွေများအား အနှုတ်အသုံးစရိတ်နည်းပါးစေရေးနှင့် ၇. ၃. ၂၀၂၅ ရက်နောက်ဆုံးထား၍ ပိုလျှံငွေ ပြန်လည် အပ်နှံနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ငွေထုတ်သူအရာရှိများအနေနှင့် လိုက်နာဆောင်ရွက်သွားရန် ညွှန်ကြားပြီး  အစည်းအဝေးအား ညနေ ၁၇း၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR