ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ငလျင်ဘေးဒဏ်သင့် ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေး ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ ပါသည်။ 

ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းအိမ်ရာများ၊ အဆောင်များတွင် ပျက်စီးမှုအခြေအနေများကို ကြည့်ရှုခဲ့ပြီး ဝန်ထမ်းမိသားစုများ ခေတ္တတိမ်းရှောင်နေထိုင်သည့် စုရပ်နေရာများဖြစ်သည့် တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာမူလတန်းကြိုကျောင်းနှင့် သဇင်(၃)အဆောင်(၈)မှ ဝန်ထမ်းနှင့် မိသားစုဝင်များ၊ နေပြည်တော် ကလေးပြုစုရေးဌာနရှိ ဆရာမများနှင့် ကလေးငယ်များအား တွေ့ဆုံအားပေး စကားပြောကြားခြင်း၊ ထမင်းဘူး၊ မုန့်နှင့် သောက်ရေသန့်များ၊ အမျိုးသမီး သန့်ရှင်းရေးသုံး ပစ္စည်းအိတ်များ ပေးဝေခြင်း၊ သေဆုံးသူ ဝန်ထမ်းမိသားစုဝင်နှင့် ဝန်ထမ်းများ၏ သက်ကြီးမိဘ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ခေတ္တတိမ်းရှောင် စုရပ်နေရာများတွင် ရေ/မီးရရှိရေးများ၊ နေပြည်တော်ကလေးပြုစုရေးဌာနရှိ ကလေးများအတွက် မိုးကာတဲများ ထပ်မံ ပေးပို့နိုင်ရေးတို့အတွက် ညှိနှိုင်းစီစဉ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR