၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

               အဆိုပါအခမ်းအနားတွင် နေပြည်တော်ပျဉ်းမနားမြို့၊ ကိုးခန်းကြီးကျောင်းတိုက်  ဦးစီးပဓာနနာယက၊ သဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဘဒ္ဒန္တအာစိဏ္ဏမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ အနုမောဒနာတရားနာယူခြင်း၊ ဆရာဒကာကျောင်းများဖြစ်သောပျဉ်းမနားမြို့၊ မဟာဝိသုတာရာမတံခွန်တိုင်ကျောင်းတိုက်၊ ကိုးခန်းကြီးကျောင်းတိုက်တို့မှ ဆရာတော်/သံဃာတော်များထံမှ ပရိတ်တရားနာယူခြင်း၊ ကမ္မဝါစာတရားနာယူခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

               ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများကနဝကမ္မအလှူငွေနှင့်လှူဖွယ်ပစ္စည်းများအားဆက်ကပ်လှူဒါန်းခဲ့ပြီးရေစက်သွန်းချအမျှပေးဝေကာအခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ရုပ်သိမ်းခဲ့ပါသည်။

               ထို့နောက် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲအားပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင်ကျင်းပရာမြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ယခုအခမ်းအနားကိုဘိုးဘွားများအားနှစ်သစ်ကူးအခါသမယတွင်စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိအဘိုး (၁၂၅)ဦးနှင့်အဖွား(၅၉)ဦးစုစုပေါင်း(၁၈၄)ဦးတို့အတွက်ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးနှင့် တာဝန်ရှိသူများကအလှူငွေများနှင့် ကန်တော့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြပါသည်။

    အစီအစဉ်အရကန်တော့ခံဘိုးဘွားများကိုယ်စားအဘိုးတစ်ဦးကနှစ်သစ်ဆုတောင်းမေတ္တာစကားပြန်လည်ပြောကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR