၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

               အဆိုပါအခမ်းအနားတွင် နေပြည်တော်ပျဉ်းမနားမြို့၊ ကိုးခန်းကြီးကျောင်းတိုက်  ဦးစီးပဓာနနာယက၊ သဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဘဒ္ဒန္တအာစိဏ္ဏမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ အနုမောဒနာတရားနာယူခြင်း၊ ဆရာဒကာကျောင်းများဖြစ်သောပျဉ်းမနားမြို့၊ မဟာဝိသုတာရာမတံခွန်တိုင်ကျောင်းတိုက်၊ ကိုးခန်းကြီးကျောင်းတိုက်တို့မှ ဆရာတော်/သံဃာတော်များထံမှ ပရိတ်တရားနာယူခြင်း၊ ကမ္မဝါစာတရားနာယူခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

               ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများကနဝကမ္မအလှူငွေနှင့်လှူဖွယ်ပစ္စည်းများအားဆက်ကပ်လှူဒါန်းခဲ့ပြီးရေစက်သွန်းချအမျှပေးဝေကာအခမ်းအနားကို“ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို၍ရုပ်သိမ်းခဲ့ပါသည်။

               ထို့နောက် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲအားပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင်ကျင်းပရာမြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ယခုအခမ်းအနားကိုဘိုးဘွားများအားနှစ်သစ်ကူးအခါသမယတွင်စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိအဘိုး (၁၂၅)ဦးနှင့်အဖွား(၅၉)ဦးစုစုပေါင်း(၁၈၄)ဦးတို့အတွက်ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးနှင့် တာဝန်ရှိသူများကအလှူငွေများနှင့် ကန်တော့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြပါသည်။

    အစီအစဉ်အရကန်တော့ခံဘိုးဘွားများကိုယ်စားအဘိုးတစ်ဦးကနှစ်သစ်ဆုတောင်းမေတ္တာစကားပြန်လည်ပြောကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR