လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပေါင်မြို့နယ်​​လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစု​​ကျေးရွာ၌ (၂၅-၅-၂၀၂၂)ရက်နေ့(၁၀း၀၀)နာရီအချိန်ခန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ​ ကြိုတင် ဖျက်သိမ်း​ပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၃)ဦးတို့အတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်တို့အားလည်းကောင်းပေါင်မြို့နယ်၊ ​မြလေးချောင်ကျေးရွာအုပ်စု(၂၈-၅-၂၀၂၂) ရက်နေ့ (၁၆း၃၀)နာရီအချိန်ခန့်၌ ထယ်ထိုးနေစဥ် မိုးကြိုးပစ်ချပြီး သေဆုံးခဲ့မှုကြောင့် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်တို့အားလည်းကောင်း (၃၁-၅-၂၀၂၂) ရက်နေ့(၁၃:၃၀) နာရီအချိန်ခန့်တွင်​ ပေါင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR