မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မော်လမြိုင်တက္ကသိုလ်တို့ပူးပေါင်း၍ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများအား လူငယ်ရေးရာမူဝါဒပါ ကဏ္ဍ (၁၆) ရပ်အနက် ကဏ္ဍတစ်ခုအဖြစ် ပါဝင်သော ကျား၊ မ ညီမျှမှုကဏ္ဍနှင့် ဆက်စပ်သည့် ကျား၊ မရေးရာ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination  Against  Women - CEDAW)၊ အမျိုးသမီးများ   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း  (၂၀၁၃-၂၀၂၂) (National Stragetic Plan for the Advancement of Women – NSPAW) နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ (United Nations Security Council Resolution 1325) အသိပညာပေးဟောပြောပွဲကို (၂၀.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန် မော်လမြိုင်တက္ကသိုလ်၊ ခန်းမဆောင် (၁၅) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် Dr. သီတာထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နေသော နွေးထွေးသောရင်ခွင်ကိုယ့်အားကိုယ်ကိုးအဖွဲ့ စီမံချက် မန်နေဂျာ ဦးဇော်မိုးအောင်က ကျား၊ မရေးရာ (Gender)၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှုအကြောင်း(Gender Based Violence) အကြောင်းကို ရှင်းလင်းဟောပြောပြီး၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination  Against  Women - CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (National   Stragetic Plan of the  All  Forms of Discrimination  Against  Women – NSPAW) နှင့် ကုလသမဂ္ဂ လုံခြုရေးကောင်စီဆုံးဖြတ်ချက် ၁၃၂၅ ( United Nations Security Council Resolution  1325 တို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းတည့် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

     အဆိုပါ ဟောပြောပွဲသို့ မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၁၀) ဦး တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR