မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ညှိနှိုင်းအစည်းဝေးအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲလာသည့် လူဦးရေတိုးနှုန်းပေါ်မူတည်၍ စီးပွားရေးဆိုင်ရာမူဝါဒနှင့် လူမှုရေးဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်၍ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သဖြင့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအတွက် စနစ်ပိုမိုခိုင်မာအားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုစောင့်ရှောက်မှုများအနေဖြင့် လူမှုရေးပိုင်းဆိုင်ရာစောင့်ရှောက်မှုနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုဟူ၍ (၂) မျိုးခွဲခြား စောင့်ရှောက်လျက်ရှိရာ ဘိုးဘွားများ၏ ဖြတ်သန်းလာသည့် ဘဝတစ်လျှောက် လိုအပ်ချက်များ အပေါ်မူတည်၍ နည်းလမ်းအသစ်များဖြင့် ပြုစုစောင့်ရှောက်ပေးဖို့နှင့် ထောက်ပံ့ပေးဖို့လိုအပ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ထောက်ပံ့ခဲ့ရာလက်ရှိတွင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား (၂၃၂,၇၀၃)ဦး ရှိကြောင်း၊ သက်ကြီးရွယ်အိုများဦးဆောင်ပြီး အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လူငယ်များပါဝင်သည့် “Inclusive Self-Help Groups” “လူမှုအားမာန်”အဖွဲ့ပေါင်း (၂၇၇) ဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများကိုလည်း (၁.၁၁.၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအား နည်းစနစ်ကျကျ စောင့်ရှောက်မှုပေးနိုင်ရန်စီမံခန့်ခွဲမှုသင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားရန်စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ သက်ကြီးရွယ်အိုများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အစီအစဉ်များကိုတင်ပြခဲ့ပြီး၊ သက်ကြီးရွယ်အိုဘာသာရပ်ပညာရှင် ပါမောက္ခ ဒေါက်တာဦးမြင့်ဟန်မှ သက်ကြီးဘိုးဘွားများစောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားကာ အစည်းဝေးသို့ တက်ရောက်လာကြသူများမှ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR