လူမှုဝန်ထမ်းဦးစီးဌာနမှ  Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာဖလှယ်မှု အစီအစဉ်အား  ၂၃.၆.၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ဦးစီးဌာန (၄၆) ခုမှ Gender Focal Person (၄၆) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။  

အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးသူငယ်မှ သက်ကြီးရွယ်အိုအထိ ဝန်ဆောင်မှုများပေးကာ လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ များပြားကျယ်ဝန်းလှသည့် လူမှုရေးနယ်ပယ်တွင် အမျိုးသမီးကဏ္ဍကလည်း တစ်ရပ်အပါအဝင်ဖြစ်ပါကြောင်း၊ ဒီကနေ့ ကျင်းပသည့် အသိပညာဖလှယ်မှုအစီအစဉ်ကတော့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Gender Focal Person များနှင့် Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာဖလှယ်မှု အစီအစဉ်ကျင်းပရသည့် ရည်ရွယ်ချက်ကတော့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်လာပြီး အမျိုးသမီးများ၏ အခွင့်အရေးများ ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်၊ ကဏ္ဍစုံမှာ ကျား၊ မဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက် ၀န်ကြီးဌာနများ အချင်းချင်းချိတ်ဆက်ပူးပေါင်းမှု ပိုမိုအားကောင်းလာစေရန်နှင့် မိမိတို့သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် Gender Mainstreaming ကို အကောင်အထည်ဖော်နိုင်ရန်ဖြစ်ပါကြောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ ပိုမိုသိရှိနိုင်စေရေးနှင့် ဝန်ကြီးဌာနအားလုံးတွင် Gender Mainstreaming ဖြစ်လာစေရေးတို့အတွက် Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခု အသိပညာဖလှယ်မှု အစီအစဉ်မှရရှိသည့် ဗဟုသုတများနှင့် မိမိတို့ဝန်ကြီးဌာနမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်တွေ၊ စီမံကိန်းတွေမှာ ကျား၊ မရေးရာတန်းတူညီမျှမှုကို စနစ်တကျ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲနိုင် ကြရန်နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းရေးဆွဲ အကောင်အထည်ဖော်သည့်အခါတွင်လည်း အလေးထားကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ဦးစီးဌာနများမှ တက်ရောက်လာကြသည့် အရာထမ်း (၄၆) ဦးက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၀:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေ(၅: ၃၀) နာရီတွင် သင်တန်းပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR