၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။    

သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ဒီဇင်ဘာလ၂၂ ရက်မှ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်ထိ သင်တန်းကာလ (၂၁) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းတွင် သင်တန်းသူ/သား (၃၀) ဦး တက်ရောက်လျက်ရှိပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ် သည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ သင်တန်းသူ/သင်တန်းသားများ အနေဖြင့် သင်တန်းကာ (၂၁)ကြာ ပိတ်ရက်မရှိ တက်ရောက်ရမည်ဖြစ်ကြောင်း၊ မူလတန်းကြိုကျောင်း များတွင် ဆရာ/ဆရာမအဖြစ် သင်ကြားနေသူများ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်ကို စိတ်ပါဝင်စားသူများအတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆရာ/ဆရာမများမှ ပို့ချသွားမည် ဖြစ်ပါကြောင်း၊ ရပ်ရွာအခြေပြုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း ဆရာ/ဆရာမများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရမည်ဖြစ်ပါကြောင်း ၊ ဌာနတွင်း ဆရာ/ ဆရာများကိုမူ လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ အစဉ် အမြဲလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် သင်ယူရမည့်ဘာသာရပ်များနှင့် ပတ်သက်၍ အခက်အခဲများရှိပါက အချိန်မရွေး မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR