လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်သည်ဧပြီလ (၄) ရက်နေ့၊နံနက်ပိုင်းတွင်ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိခဲ့ပြီးအဆောက်အဉီနှင့်ဌာနပိုင်ပစ္စည်းများစနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ဘေးအန္တရာယ်ကျရောက်လာပါကလိုအပ်သည့်နေရာများသို့ကယ်ဆယ်ရေးပစ္စည်းများအချိန်မီပို့ပေးနိုင်ရေး၊ဘေးသင့်ပြည်သူများ၏လတ်တလောစားဝတ်နေရေးလိုအပ်ချက်များအတွက်ဖြည့်ဆည်းပေးရန်ထားရှိသည့်ကယ်ဆယ်ရေးပစ္စည်းများပျက်စီး၊ပျောက်ဆုံး၊လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့်ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသက်တမ်းပြည့်သိုလှောင်ထားရှိနိုင်ရေးအတွက်ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပါသည်။

ယင်းနောက်ဒုတိယဝန်ကြီးသည်တောင်ငူခရိုင်မူလတန်းကြိုကျောင်းသို့သွားရောက်ပြီးလူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအုပ်မြစ်ဖြစ်သည့်ကလေးများ၏ကာယ၊ဉာဏ၊စာရိတ္တများတိုးတက်ကောင်းမွန်စေရေး၊ကလေးများအများနှင့်လိုက်လျောညီထွေနေထိုင်တတ်ပြီးအများအကျိုးသယ်ပိုးလိုစိတ်၊မိမိတိုင်းပြည်ချစ်စိတ်များရှိလာအောင်လေ့ကျင့်ပျိုးထောင်ပေးရေး၊ကလေးများယခုအရွယ်မှစ၍အချင်းချင်းစည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်တတ်သည့်အခြေခံအလေ့ကျင့်ကောင်းများကိုစနစ်တကျသင်ကြားလေ့ကျင့်ပေးရေး၊ကလေးများ၏သင်ယူရန်နေရာများ၊ကစားကွင်းနေရာများ၊ချက်ပြုတ်ကျွေးမွေးရာနေရာများ၊ကျန်းမာရေးနှင့်အညီစောင့်ရှောက်ထားရှိမှုအခြေအနေများနှင့်ရေအိမ်သုံးစွဲရာနေရာများကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးသည်တောင်ငူခရိုင်လူမှုဝန်ထမ်းရုံးသို့ရောက်ရှိပြီးရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊နိုင်ငံ့ဘဏ္ဍာငွေများသုံးစွဲရာတွင်ပြဌာန်းထားသောဘဏ္ဍာရေးစည်းမျည်းများနှင့်အညီသုံးစွဲရေးနှင့်တောင်ငူခရိုင်အတွင်းရှိအသက်(၈၅)နှစ်အထက်ဘိုး၊ဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ပေးမှုအခြေအနေများကိုစနစ်တကျလုပ်ကိုင်ရေးတို့ကိုမှာကြားခဲ့ပါသည်။

ယင်းနောက်ဒုတိယဝန်ကြီးသည်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့သွားရောက်ခဲ့ပြီးသက်မွေးသင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊သင်တန်းအမျိုးအစားအလိုက်သင်တန်းသား/သူများကဘဝရပ်တည်နိုင်ရေးအတွက်အကျိုးရှိစွာအသုံးချနိုင်ရေး၊သင်တန်းသားအရေအတွက်တိုးမြှင့်သင်ကြားပေးနိုင်ရေး၊သင်ကြားပို့ချပေးသောဘာသာရပ်များသည်ခေတ်နှင့်အညီဆန်းသစ်တီထွင်သည့်အိမ်တွင်းမှုဘာသာရပ်များသင်ကြားပေးနိုင်ရေးနှင့်သင်တန်းပြီးမြောက်ပါကအလုပ်အကိုင်အခွင့်အလမ်းများတိုးမြှင့်ရရှိရေးတို့ကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည်ဝန်ကြီးဌာနလက်အောက်ရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနခရိုင်ရုံးများမှဝန်ထမ်းများ၊မူလတန်းကြိုကျောင်းများမှဝန်ထမ်းများ၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှဝန်ထမ်းများအားတွေ့ဆုံ၍နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များ၊လတ်တလောဖြစ်ပေါ်နေသည့်နိုင်ငံ၏နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေများ၊ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သတ်သည့်သိကောင်းစရာများကိုထပ်ဆင့်ရှင်းလင်းပြောကြားပြီးဝန်ထမ်းများ၏တင်ပြချက်များအပေါ်လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR