လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဗိုလ်တေ ဇရပ်ကွက်နှင့် ဆရာစံရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်သွားမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဘီးလင်း မြို့နယ်အတွင်းရှိ ဗိုလ်တေဇရပ်ကွက်နှင့် ဆရာစံရပ်ကွက်တို့တွင် နေထိုင်သည့်ပြည်သူများ သိရှိ စေရန် အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR