လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ၊ အ.ထ.က (၂) အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူ ဦးရေ(၃၀၀)ကျော်အား ဌာန၏ဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများနှင့်ပက်သက်၍ ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ၊ လက်သန့်‌‌ဆေးရည်နှင့် တခါသုံးMask များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ပါသည်။


Source:DDM

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ

MOS

DSW

DDM

DOR