မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် (၁၇.၄.၂၀၂၄) ရက်နေ့တွင် ကျရောက်သော  မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သာသနာဗိမာန်တော်ကြီးတွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားကာ ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဘိုးဘွားများအား ပြည်နယ်အစိုးရအဖွဲ့နှင့်အလှူရှင်များ စုပေါင်းလှူဒါန်းသော အလှူငွေများဖြင့် ဂါရဝပြုကန်တော့ခြင်းနှင့် အခမ်းအနားတက်ရောက်လာသော အဘိုး၊ အဘွားများကိုယ်စား အဘိုး(၁)ဦးနှင့် အဘွား(၁)ဦးက ဆုတောင်းမေတ္တာများ ပြန်လည်ပေးပို့ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကန်တော့ခံ ဘိုးဘွား (၁၀၀)ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အလှူရှင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာဝန်များနှင့် အထူးကုသမားတော်များက ဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ခြင်း၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံ၍ အလှူငွေများဖြင့် ဂါရဝပြုကန်တော့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR