လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၂၉-၅-၂၀၂၂) ရက်တွင် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ ဖလုံဘူကျေးရွာ အုပ်စု၊ သာယာအေးကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်‌ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်၊  လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ (၈၄၀ဝ/-)ကျပ်အားလည်းကောင်း၊ (၂၃-၆-၂၀၂၂)ရက်တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်‌ခြေ (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်၊  လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့‌ငွေ (၁၀၅၀ဝ/-)ကျပ်အားလည်းကောင်း၊  (၂၉-၆-၂၀၂၂) ရက်တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာအေးကျေးရွာ တွင်တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်‌ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့‌ငွေ (၁၄၇၀ဝ/-) ကျပ်အားလည်းကောင်း၊  (၁၇-၆-၂၀၂၂) ရက်တွင် အဖျောက်မြို့၊‌ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပြန်အလယ် သောင်ကျေးရွာတွင် ကမ်းပြိုပိသေဆုံး (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)ကျပ်အားလည်းကောင်း၊ (၂၉-၆-၂၀၂၂)ရက်တွင် အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအတွင်း မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂)လုံးအတွက် ကြိုတင်ဖျက်သိမ်းထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ(၁၆၈၀ဝ/-) ကျပ်အားလည်းကောင်း (၁-၇-၂၀၂၂)ရက်၊ (၁၃း၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR