မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် (၁၅-၇-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂၀)လုံး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၉၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၀၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၉၅,၃၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂,၁၉၅,၃၀၀ိ/-)အားလည်းကောင်း၊ စလင်းမြို့နယ်၊ မြောက်ဇီးကုန်းကျေးရွာအုပ်စု၊ ရေနားကျေးရွာတွင် (၁၉-၇-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၈,၉၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၄၈,၉၀၀ိ/-)အားလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR