နေပြည်တော်၊ ဇွန် ၉

(၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များ၏ ဒုတိယနေ့အစည်းအဝေးကို (၉-၆-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့်ဌာနများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးရုံးနှင့် AHA Centre မှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ AADMER Work Programme (2021-2025)နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ အာဆီယံသဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာရန်ပုံငွေ စီမံခန့်ခွဲရေးကိစ္စများ၊ အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM)နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ တို့အကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သီးခြားစီနားလည်မှု စာချွန် လွှာရေးထိုးပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ရုရှား၊ အာဆီယံ-ကုလသမဂ္ဂအဖွဲ့အစည်းများအကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Source:  DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR