လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ 

  သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးအုန်းလှိုင်က     (၃၀-၁-၂၀၁၈)ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို စတင်ဖွဲ့စည်းခဲ့ရာပြန်လည်ထူထောင် ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်(၅)ရပ်အနက်မှ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး လုပ်ငန်းရပ်ကို စခန်းအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်း၊ စခန်းနှင့်ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများဖွင့်လှစ်ကာ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)အနေဖြင့် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများဖွင့်လှစ်ခဲ့ရာ ၂၀၁၈ခုနှစ်တွင်သင်တန်းသား (၄၀)ဦး၊ ၂၀၁၉ ခုနှစ်တွင် သင်တန်းသား(၆၀)ဦး၊ ၂၀၂၃ခုနှစ်တွင် သင်တန်းသား (၂၀)ဦး၊ ယခုဖွင့်လှစ်ခဲ့ပြီးသော သင်တန်းအပါအဝင် စုစုပေါင်းသင်တန်းသား(၁၄၀)ဦးကို ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသော သင်တန်းသားများအား နောက်ဆက်တွဲစောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ရန် စေတနာ့ဝန်ထမ်းကြီးကြပ်ရေးမှူးသင်တန်းများဖွင့်လှစ်ခဲ့ရာ ၂၀၁၉ ခုနှစ်မှစတင်ပြီး ၂၀၂၄ ခုနှစ်အထိ သင်တန်းသားစုစုပေါင်း(၁၀၀)ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မူးယစ် ဆေးသုံးစွဲသူများအား ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဖြတ်ထားသူများ၊ မူးယစ်ဆေးဖြတ်လိုသည့် လူငယ်များကိုလည်း မိသားစုကပစ်ပယ်မထားဘဲ ပြန်လည်ထူထောင်ရေးစခန်းများသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခြင်းများ ဆောင်ရွက်စေခြင်းဖြင့် မူးယစ်ကင်းစင်သည့်လှပသောလူမှုဘဝများကို ပိုင်ဆိုင်နိုင်ရန်အသေအချာပင် ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(၁၄)ခုဖွင့်လှစ်ပြီး စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်း၊ အလုပ်ပေးကုထုံး အဖြစ် သက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်းနှင့် ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့ နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ် မြန်မာနိုင်ငံတွင် လူငယ်အများအပြား မူးယစ်ဆေးဝါးသုံးစွဲနေခြင်း သက်တူရွယ်တူများက ဖိအားပေး ခြင်း၊ သူငယ်ချင်းများနှင့် တစ်ဖွဲ့တည်းအဖြစ်ခံယူလိုခြင်း၊ စိတ်အပန်းဖြေခြင်း၊ ပျော်ရွှင်လိုခြင်း၊ ညည်းငွေ့မှုကိုကုစားလိုခြင်း၊ စပ်စုလိုခြင်း၊ စမ်းသပ်လိုခြင်း၊ စွန့်စားလိုခြင်း၊ စိတ်ပိုင်းဆိုင်ရာအရလည်းကောင်း၊ ဇီဝကမ္မအရလည်းကောင်း နာကျင်မှုမှ လွတ်မြောက်လိုခြင်းအစရှိသဖြင့် အကြောင်းအမျိုးမျိုးပြကာ သုံးစွဲနေပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် မူးယစ်ဆေးဝါးများနှင့်ပတ်သက်သည့် ဗဟုသုတများကို လေ့လာပြီး သား/ သမီးများအား မူးယစ်ဆေးသုံးစွဲခြင်းနှင့်ပတ်သက်သည့် အန္တရာယ်များအကြောင်း အသိပညာပေးခြင်းဖြင့်လမ်းမှန်သို့ ရောက်အောင်လမ်းညွှန်ပေးစေလိုပြီး နောက်ဆက်တွဲစောင့်ရှောက်မှုကိုလည်း မိဘများမှစနစ်တကျ လက်ခံလိုက်နာပေးစေ လိုပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် မူးယစ်ဆေးဖြတ်ပြီးပြန်လည်ထူထောင်မှုခံ ယူခဲ့သော သင်တန်းသားလူငယ်များအနေဖြင့် မိမိတို့ရပ်ရွာအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ရောက်ချိန်တွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ သင်ကြားပို့ချပေးလိုက် သော စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာပညာရပ်များ၊ အသက်မွေးဝမ်းကျောင်းပညာရပ်များနှင့် ပြန်လည်ထူထောင်မှုနည်းလမ်းများကို ဆက်လက်လိုက်နာကျင့်သုံးလျက် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှလွတ်မြောက်ပြီး မိမိတို့၏ မိသားစုအသိုင်းအဝိုင်းမှ အားထားရသော သားကောင်းရတနာများ၊ ဖြစ်ကြပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ၊ ဦးစံရှိန်က နောက်ဆက်တွဲစောင့်ရှောက်မှုများ နှင့်ပတ်သက်၍ အခန်းကဏ္ဍများအား ရှင်းလင်းခဲ့ပါ သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုနှင့် အရပ်ဖက်အဖွဲ့အစည်း အသင်းအဖွဲ့(၂)ဖွဲ့သို့ အသင်းအဖွဲ့ထောက်ပံ့ကြေး ၁,၀၀၀,၀၀၀/-စီဖြင့် စုစုပေါင်း(ကျပ်သုံးဆယ်သိန်းတိတိ)အား ထောက်ပံ့ပေးခဲ့ပါသည်။ ပြန်လည် ထူထောင်မှုခံယူခဲ့ကြသည့် သင်တန်းသား(၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်း ဆင်းပွဲခမ်းအနားသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဖက်၊ မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ သင်တန်းသားမိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်း အနားကို နံနက်(၁၀:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင်ကျင်းပသည့် ၁၂ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဥ်များသို့ဆက်လက်ပါဝင်တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်တွင်ကျင်းပသည့်၁၂ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ဆက်လက်တက်ရောက်လျှက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်တွင်ကျင်းပသည့်၁၂ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့တက်ရောက်၊ ဘရူနိုင်းအိမ်ရှေ့မင်းသားနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် ဂျီနီဗာမြို့ရှိကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)ရုံး၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးဖြစ်သူMs. Shoko Yasuda (Arakaki)အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR