အွန်လိုင်းမဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်အစွန်းရောက် အမုန်းစကားများအပေါ် တန်ပြန်ရန် အလေ့အကျင့်ကောင်းများဆိုင်ရာ အာဆီယံဩစတြေးလျ အကြမ်းဖက်တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ၊ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ Discovery Kartika Plaza Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ACW (Myanmar) ၏ ကိုယ်စားလှယ်အဖြစ် ဒုတိယ အမြဲတမ်းအတွင်းဝန်က ဦးဆောင်၍ ပါဝင်တက်ရောက်ခဲ့ပြီး စုစုပေါင်း မြန်မာကိုယ်စားလှယ် (၇)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် Work Plan of the  ASEAN Plan of Action to Prevent and Counter the Rise of Radicalization and Violent Extremism (Bali Work Plan) 2019-2025 ကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုရန် ရည်ရွယ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် အွန်လိုင်းမဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်အစွန်းရောက်အမုန်းစကားများအပေါ် တန်ပြန်တုန့်ပြန်ရန် အလေ့အကျင့်ကောင်းများဆိုင်ရာ သတင်းအချက်အလက်များကိုရယူ၍ ဆွေးနွေးရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာကဏ္ဍအသီးသီး၏ ကိုယ်စားလှယ်များ၊ အွန်လိုင်းအတတ်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ကျင်းပ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR