ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းများပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်းများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ဟင်္သာတမြို့ရှိသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်ကြားပို့ချလျက်ရှိသောသင်ရိုးညွှန်းတမ်းများကိုနိုင်ငံတော်၏အုပ်ချုပ်ရေးနည်းစနစ်များ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီဖြစ်စေရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် ခေတ်နှင့်အညီပြောင်းလဲနေသောနည်းပညာများ၊ ဖွဲ့စည်းပုံများ၊ မူဘောင်များနှင့် လျော်ညီစေရေးပြန်လည်သုံးသပ်ခြင်းနှင့်ပြင်ဆင်ဖြည့်စွက်ခြင်းများလိုအပ်သည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကိုဟင်္သာတမြို့တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းတည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၅ ခုနှစ်မှစ၍သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းများကိုဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ယနေ့အထိသင်တန်း ၁၀၇ ကြိမ်ဖွင့်လှစ်ခဲ့ပြီးဦးစီးဌာနမှ ဝန်ထမ်း ၁,၇၇၅ ဦး၊ အခြားဝန်ကြီးဌာနများမှ ဝန်ထမ်း ၂၀၃၆ ဦးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူ ၇၆၀ ဦး၊ စုစုပေါင်း ၄,၅၇၁ ဦးကိုသင်ကြားပို့ချနိုင်ခဲ့ကြောင်း၊အဆိုပါ သင်ရိုးညွှန်းတမ်းများကိုလက်တွေ့ကျကျပိုမိုအသုံးချနိုင်ရန် ပြင်ဆင်ဖြည့်စွက်သုံးသပ်ရန်လိုအပ်ကြောင်းတို့ဖြင့် ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR