• လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ကျောင်းလမ်းတွင် (၆-၆-၂၀၂၃)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုလ်ပင်လဲကျ၍ တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၈)ဦးနှင့် (၁၅-၆-၂၀၂၃)ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် အမှတ်(၁၇)ရပ်ကွက်၊ ဗန္ဓုလလမ်း၌ မိုးသည်း ထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုလ်ပင်လဲကျ၍ လုံးဝပျက်စီးအိမ်ခြေ(၁)လုံးနှင့် တစ်စိတ် တစ်ပိုင်းအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၆)ဦး၊ စုစုပေါင်းလုံးဝပျက်စီးအိမ်ခြေ(၁)လုံး၊ တစ်စိတ် တစ်ပိုင်းအိမ်ခြေ(၂)လုံး၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၉,၄၀ဝ/-)၊ တစ်စိတ်တစ်ပိုင်း အိမ်ခြေ (၂)လုံးနှင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၃၀၀,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၂၉,၄၀ဝ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၁၉-၆-၂၀၂၃)ရက်နေ့ (၁၅း၀၀)အချိန်တွင် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Arnaud de Baecqueအားလက်ခံတွေ့ဆုံ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR