ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းအမှတ်စဉ် (၁/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၂၁.၆.၂၀၂၁)ရက်နေ့နံနက်(၀၉:၀၀)နာရီတွင်ကျင်းပခဲ့ပါသည်။

 

  အခမ်းအနားတွင် အမှတ် (၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (ကျောင်းအုပ်ကြီး) ရဲမှူးကြီးစန်းကို က အဖွင့်အမှာစကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးခင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


        သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၂)ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(ဝက်ထီးကန်)မှ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်၊ ရဲအုပ်၊ ဒုရဲအုပ်၊ (MANA)မှ တိုင်းအတွင်းရေးမှူးဦးရဲထွဋ်၊    စိတ်ရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာကျော်ဝင်း (ငြိမ်း)၊ ဝက်ထီးကန်တိုက်နယ်ဆရာဝန်ဒေါက်တာတင်ဌေးဌေးအိ၊   ဝက်ထီးကန်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးနှင့် တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများဖြင့်စုစုပေါင်း အင်အား(၇၀)ဦး တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါသင်တန်းသည် မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းပပျောက်ရေးအတွက် ပြန်လည်ထူထောင်ရေး ဦးစီးဌာနလက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအား အရည်အသွေး မြှင့်တင်ပြီး စာတွေ့၊လက်တွေ့ သင်ကြားပို့ချသည့်သင်တန်းဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR