ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်းတွင် စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားအား  (၁.၇.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ အသေးစားစက်မှု လက်မှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသား (၂၀)ဦး နှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အိပ်ယာပစ္စည်း၊ နေထိုင်စရိတ်၊ စားသောက်စရိတ်အခမဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုနှင့် အညီ Covid-19 အကာအကွယ်ပစ္စည်းများဖြင့်အခမဲ့ဆောင်ရွက်ပေးထားခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းဖြစ်သော ဆိုင်ကယ်ပြုပြင်ရေးသင်တန်း၊ ရာသီပေါ်သီးနှံစိုက်ပျိုးရေးနည်းပညာ(မှိုစိုက်)သင်တန်း၊ ဆပ်ပြာဆီ /ဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်း၊ လက်သန့်ဆေးပြုလုပ်နည်းသင်တန်းများ ပို့ချမည်ဖြစ်ပြီး သင်တန်းကာလရက် (၉၀)၊ သင်တန်းသား (၂၀)ဦး ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR