၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်တွင် ကျင်းပပြုလုပ်သည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု” အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ ၅.၁၂.၂၀၂၄ရက် နံနက် ၀၉:၀၀ နာရီတွင် အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက/ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီ၊ လေးကျွန်းသူဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ မရမ်းကုန်းခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဇနီးများ၊ ဖျော်ဖြေရေးအဖွဲ့များ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊   “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု” အထိမ်းအမှတ် Video Clip ပြသခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ)၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်)နှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)ရှိ ကျောင်းသူများမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြ ပါသည်။ 

ဆက်လက်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကျပ် ၃၀၀,၀၀၀/-၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ငွေကျပ် ၂၀၀,၀၀၀/-၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ် ၂၀၀၀၀၀/-၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ ငွေကျပ် ၁၀,၀၀,၀၀၀/-၊ လေးကျွန်းသူဖောင်ဒေးရှင်းမှ ငွေကျပ် ၁၀၀၀,၀၀၀/- နှင့် AFXB အဖွဲ့တို့မှ ငွေကျပ် ၃၀၀,၀၀၀/- နှင့် T-shirt အထည် (၇၀)အား လှူဒါန်းပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက/ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများမှ အသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 




နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်

MOS

DSW

DDM

DOR