မတ်လ ၂၈ မန္တလေးငလျင်ကြောင့် ဘေးဒဏ်ခံစားခဲ့ရသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်း များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမိသားစုနှင့် အလှူရှင်များက လှူဒါန်းထားသည့် အလှူ ငွေကျပ် ၁၄၁,၀၀၀,၀၀ဝိ/ (အလှူငွေကျပ်တစ်ထောင့်လေးရာတစ်ဆယ်သိန်းတိတိ) ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်း(၂၁)မျိုး၊ စားသုံးဆီ၊ ဆန်၊ ဒန်အိုး၊ စတီးပန်းကန်၊ စတီးဇွန်း၊ ရေဇလုံ၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်ထုတ်နှင့်ရေသန့်ကဒ်များ ပေးအပ်ခြင်းကို ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးနှင့်ဦးစီးဌာန(၃)ခုတို့မှ တာဝန်ရှိသူများ သို့ ပေးအပ်ခဲ့ပါသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များနှင့် ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများကို နှစ်သိမ့်အားပေးစကားပြော ကြားခဲ့ပြီး၊ ဝန်ထမ်းများအတွက် ရှေ့ဆက်ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ပြောကြားခဲ့ ကြောင်းသတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR